International News

FTI အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးဆိုင်ရာ ပြန်လည်ထူထောင်ရေး စီမံချက်အား ရေးဆွဲပြင်ဆင်ထားခြင်း

Last Updated:

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ် The Federation of Thai Industries (FTI) သည် အောက်ခြေအဆင့်စီးပွားရေးကိုမြှင့်တင်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းစီးပွားရေးအစီအစဉ်များမှတစ်ဆင့် စက်မှုလုပ်ငန်းများပြန်လည်တည်ထောင်ရန်အတွက် ပြန်လည်ထူထောင်ရေးစီမံချက် (Recovery Plan) ကို ပြင်ဆင်ခဲ့ပါသည်။ အဆိုပါစီးပွားရေး ပြန်လည်ထူထောင်ရေးစီမံချက်အနေဖြင့် စီးပွားရေးလုပ်ငန်းများအား အစိုးရ၏မူဝါဒနှင့်အညီ တန်ဖိုးမြှင့်ထုတ်ကုန် များနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဉီးတည်သွားစေနိုင်ရေးအတွက် အကူအညီပေးရန် ရည်မှန်းထားခြင်းဖြစ်ပါသည်။

FTI ၏ ဒုတိယဥက္ကဌ Kriangkrai Tiannukul က ပြန်လည်ထူထောင်ရေးစီမံချက်တွင် S-Curve အစီအစဉ်အရ ရည်မှန်းထားသော စက်မှုလုပ်ငန်းများအပါအဝင် စက်မှု လုပ်ငန်းပေါင်း (၄၅) ခုမှ လုပ်ငန်းခွဲ (၁၁) မျိုးအပေါ် လွှမ်းခြုံထားကြောင်း ပြောကြားခဲ့ပါသည်။ FTI အနေဖြင့် ထိုင်းနိုင်ငံထုတ်ပစ္စည်းများကို ထိုင်းနိုင်ငံတွင်ပြုလုပ်သည် “Made in Thailand” မှတစ်ဆင့် မြှင့်တင်လိုကြောင်း၊ အကြောင်းမှာ Covid-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံများစွာတို့အနေဖြင့် ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်များကို ၎င်းတို့အပေါ်တွင်သာ မှီခိုစေရေးနှင့် သွင်းကုန်တင်သွင်းမှုလျှော့ချရေးကို ဉီးတည်ပြုလုပ်လာကြခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အေဂျင်စီအနေဖြင့် နိုင်ငံရပ်ခြားမှ တင်သွင်းမှုအပေါ် မှီခိုနေရခြင်းကိုလျှော့ချရန် စက်မှုထောက်ပံ့ရေး ကွင်းဆက်များကို Upstream မှ Downstream အထိ  ဖွံ့ဖြိုး တိုးတက်စေရန် သုတေသနဌာနများနှင့် ပညာရေးသင်တန်းကျောင်းများနှင့်  ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ Covid-19 ကပ်ရောဂါ ဖြစ်ပွားမှုသည် စက်မှုတော်လှန်ရေး Industry Revolution ကိုဖြစ်ပေါ်စေပြီး စီးပွားရေးလုပ်ငန်းများအားလုံးကို အပြောင်းအလဲများဖြစ်ပေါ်စေကြောင်း Mr. Kriangkrai က ပြောကြားခဲ့ပါသည်။ လုပ်ငန်းစု (၁၁) မျိုးတွင် အစားအစာနှင့် ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ၊ မော်တော်ကား၊ သံမဏိနှင့်သံလုပ်ငန်း၊ ချည်ထည်နှင့် အဝတ်အထည်လုပ်ငန်း၊ ဆေးပစ္စည်းကရိယာနှင့် အီလက်ထရောနစ်ပစ္စည်းများတို့ ပါဝင်ကြပါသည်။

FTI က အစိုးရအနေဖြင့် ထိုင်းနိုင်ငံအား နည်းပညာနှင့် တီထွင်ဖန်တီးထုတ်လုပ်မှုတို့၏ အချက်အခြာဗဟိုဖြစ်လာစေရန် ဒီဇိုင်းရေးဆွဲခဲ့သော S-Curve အစီအစဉ်သည် စီးပွားရေး ပြန်လည်နာလန်ထူရေး အစီအစဉ်မှ ရန်ပုံငွေများ ထပ်မံရရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ S-Curve ၏အစီအစဉ်အရ ရည်မှန်းထား သော Target စက်မှုလုပ်ငန်း(၁၂)ခုမှာ မော်တော်ကား၊ စမတ်အီလက်ထရောနစ်၊ ချမ်းသာကြွယ်ဝသော ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ လယ်ယာနှင့် ဇီဝနည်းပညာ၊ အစားအစာ၊ စက်မှုလုပ်ငန်းသုံးစက်ရုပ်များ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်လေကြောင်း၊ ဇီဝလောင်စာ၊ ဇီဝဓါတု၊ ဒီဂျစ်တယ်နှင့် ဆေးဝါးဝန်ဆောင်မှု၊ ကာကွယ်ရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတို့ဖြစ်ပါသည်။

FTI အနေဖြင့် Covid-19 ကပ်ရောဂါပျံ့နှံ့မှုက ကမ္ဘာတစ်ဝှမ်းလုံး နေထိုင်မှုပုံစံများ ပြောင်းလဲလာစေမှုနှင့် 5G ကွန်ယက်စတင်လာခြင်းတို့ကြောင့် ဒီဂျစ်တယ်၊ ဆေးပစ္စည်းကရိယာ၊ စက်ရုပ်များနှင့် အလိုအလျှောက်စနစ်များအား ပထမဉီးစားပေး ကဏ္ဍများအဖြစ် သတ်မှတ်ကာ ဖွံ့ဖြိုးတိုးတက်စေခြင်း ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News